Saturday, March 23, 2013

Black Mart (for android)

Black Mart ဆိုတာကတော့ one mobile လို Android App Market တစ်မျိုးပါပဲ ... ။ ကျွန်တော်စမ်းသုံးကြည့်သလောက်တော့ download လုပ်ရတာပိုမြန်ပါတယ် ။ နောက်ထပ် feature တွေကတော့ ကိုယ်တိုင်စမ်းသုံးကြည့်ရင်ပိုတွေ့ရမှာပေါ့ဗျာ ... ။
(toelay)
Download BlackMart

AnyRing (for jailbroken iDevice)


AnyRing (Ver. 6.23) ကို BigBoss Repo မှ Devloper တွေက Update အသစ်ထုတ်ပေးခဲ့ပါတယ်။ ဒီ Version အသစ်မှာ Audio Engine အသစ်, အခြားသော bug တွေကို fix လုပ်ထားခြင်း, Device မှာ Silent Mode လုပ်လိုက်ရင် Crash ဖြစ်သွားခြင်း, Web Downloader မှာ bug file အချို့ကိုပြင်ဆင်ထားခြင်း စတာတွေပါဝင်ပါတယ် ... ။

ဒီ Cydia Tweak ဟာ iDevice user တွေ Phone Ringtones, SMS Ringtones စတာတွေကို အလွယ်တစ်ကူထားနိုင်စေရန်အတွက်ဖြစ်ပါတယ်။ User တွေဟာ မိမိအသံကိုပါ record လုပ်ထားပြီး ringtones အဖြစ်ပါထားနိုင်ပါသေးတယ်။
နောက်ပြီး user တွေဟာ ringtones တွေကို iDevice to iDevice Bluetooth ဖြင့် လဲ AnyRing မှ share လုပ်နိုင်ပါသေးတယ် (Note. ဒီ app ဟာ jailbrake လုပ်ထားသည့် device တွေအတွက်သာဖြစ်ပါသည်။)

Thanks for read (toelay)

Download AnyRing

Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက်

Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက် ဆိုတဲ့ပို့စ်မှာ ကျနော်ရေးခဲ့တဲ့အတိုင်း အချို့အချက်တွေမှာ Android က တကယ်သာလွန်ကောင်းမွန်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ သို့သော် အရာရာတိုင်းမှာ "တခြားတစ်ဖက်ကကြည့်ရင်" ဆိုတဲ့စကားရှိတဲ့အတိုင်း Android ထက်သာတဲ့အချက်တွေ iPhone မှာရှိနေဆဲပါပဲ။ ဒီပို့စ်မှာ ကျနော် Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀)ချက် ကိုရေးပြချင်ပါတယ်။

(၁) App ရွေးချယ်မှု နှင့် အရည်အသွေး
Apple ရဲ့ App Store ဟာ Google Play နဲ့ Amazon တို့ရဲ့ App Store တွေနဲ့ ယှဉ်ရင် ပိုကောင်းနေဆဲဖြစ်ပါတယ်။ Store ရဲ့ Design သာမက App တွေရဲ့ အရည်အသွေးမှာပါ ကွာဟမှုရှိနေဆဲပါ။ Apple ဟာ သူ့ရဲ့ Store ကနေ မကောင်းတဲ့(အဖျက်) App များကို အမြဲရှင်းထုတ်ပေးနိုင်ပြီး အကောင်းဆုံးများကိုသာ User တွေဆီ ဆောင်ကျဉ်းပေးနိုင်ပါတယ်။

(၂) App နှင့် Game များကို Android ထက်စောပြီး ရရှိနိုင်ခြင်း
App နဲ့ Game Developer များဟာ သူတို့ရဲ့ App နဲ့ Game များကို Apple ရဲ့ iOS အတွက် အရင် ထုတ်လုပ်တဲ့သူများ အများစုဖြစ်နေတာတွေ့ရပါတယ်။ iOS မှာ အရင်ထုတ်ပြီးမှ Android မှာ Developed လုပ်ကြတာ တွေ့ရပါတယ်။ ဒီထဲမှာ Facebook, LinkedIn, Evernote စတဲ့ နာမည်ကြီး App တွေပါ အပါအဝင်ပါ။ ဒါကြောင့် iOS မှာ App နဲ့ Game များကို ပိုပြီးစောစောရနိုင်တဲ့ အားသာချက်ရှိနေပါတယ်။

(၃) Touch Control ကောင်းမွန်ခြင်း
Android အသုံးပြုတဲ့ Samsung Galaxy S II ဟာ ကမ္ဘာ့အမြန်ဆုံး Touch Screen ဖုန်းဆု ရခဲ့ပါတယ်။ ဒါပေမယ့်လဲ OS ခြင်း ယှဉ်လိုက်တဲ့အခါမှာ iOS ဟာ Ice Cream Sandwich ထက်ပိုပြီး Touch Control အသာရနေတာတွေ့ရပါတယ်။ iOS ဟာ စတင်ထုတ်လုပ်တဲ့ 2007 ကနေ ယနေ့ 2012 အထိ Touch Quality ကို ထိမ်းထားနိုင်တာတွေ့ရပါတယ်။

(၄) ရုပ်ရှင် နှင့် သီချင်းများကို အလွယ်တကူ ရယူနိုင်ခြင်း
Apple iTunes ဟာ Google Play ထက် ရုပ်ရှင်၊ သီချင်းနဲ့ တီဗွီအစီအစဉ်တွေ ပိုမိုထောက်ပံ့ပေးနိုင်တာ ငြင်းစရာမလိုတဲ့အချက်ဖြစ်ပါတယ်။ ဒါ့အပြင် iCloud နည်းပညာကြောင့် Device တစ်ခုကနေ ဝယ်ယူခဲ့တဲ့ Program ကို အခြား Device တစ်ခုမှာ အလွယ်တကူထည့်သွင်းနိုင်တာဟာလဲ အရမ်းကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ iTunes ကိုမှီဖို့ Google Play အနေနဲ့ အတော်ကြိုးစားရဦးမှာပါ။

(၅) Software Update အလွယ်တကူ ရနိုင်ခြင်း
Galaxy Nexus နဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Android 4.0 ဟာ အခြားဖုန်းတွေမှာ ထည့်သွင်းနိုင်ဖို့ လတော်တော်ကြာကြာ စောင့်ခဲ့ရတာ မှတ်မိကြမှာပါ။ iOS မှာတော့ Software Update ကို စတင်ကြေညာတဲ့အချိန်မှာပဲ Upgrade လုပ်နိုင်ပါတယ်။ Apple ဟာ Hardware ရော Software ပါ အတူတကွ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက် အကောင်းဆုံးနဲ့ အဆင့်အမြင့်ဆုံး iOS ကို သင်အမြဲ အသုံးပြုနေနိုင်ပါတယ်။

(၆) iCloud အသုံးပြု၍ Automatic Backup လုပ်နိုင်ခြင်း
iOS5 ကို အသုံးပြုပြီး App များ၊ သီချင်း နဲ့ ဓါတ်ပုံများ အစရှိတဲ့ သင့် Data များကို iCloud မှာ Auto-Backup လုပ်နိုင်ပါတယ်။ ဒါကြောင့် သင့် Device ကို Reset လုပ်ပြီးတဲ့အခါမှာတောင် Apple ID နဲ့ iCloud ကို Log-in ဝင်ပြီးတဲ့အခါ Data ဆုံးရှုံးမှုမရှိဘဲ အလွယ်တကူ ပြန်လည်ဒေါင်းလုတ်ရယူနိုင်ပါတယ်။

(၇) Mail Inbox များကို ပေါင်းစပ်အသုံးပြုနိုင်ခြင်း
Apple ရဲ့ Email Inbox မှာ သင်အသုံးပြုသမျှ Mail များရဲ့ Inbox များကို တစ်နေရာတည်း Access လုပ်နိုင်ပါတယ်။ သင့်ရဲ့ Mail အားလုံးရဲ့ Inbox များအားလုံးက ဝင်လာသမျှ Email များကို တစ်နေရာတည်းမှာ ဖတ်နိုင်၊ ပြန်နိုင်၊ သိမ်းဆည်းနိုင်ခြင်းအားဖြင့် Mail တစ်ခုထက်ပိုပြီးအသုံးပြုသူများအတွက် အရမ်းအဆင်ပြေတဲ့အချက်ဖြစ်ပါတယ်။ Android 4.0 ICS မှာ မရသေးပါဘူး။ (4.1 မှာတော့ Different Inbox တွေခွဲပြီး အသုံးပြုလို့ရပါပြီ။ Inbox တစ်ခုတည်းမှာတော့ သုံးလို့မရသေးပါ)

 (၈) Clean ဖြစ်တဲ့ Design
ဟုတ်ပါတယ်။ ကျနော်ရေးခဲ့သလို iOS မှာ Home Screen တွေWidget တွေကို ပြင်ဆင်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့်.. အဲဒါရဲ့ ရလဒ်ကတော့ ရှင်းလင်းသပ်ရပ်ပြီး စတိုင်ကျတဲ့ Home Screen Design ပဲဖြစ်ပါတယ်။ ICS မှာ ဘယ်လိုလှပကောင်းမွန်တဲ့ Animation တွေပါဝင်နေပါစေ၊ iOS ရဲ့ သန့်ပြန့်တဲ့ Design ဟာ ဆွဲဆောင်မှုရှိနေဆဲပါ။

(၉) User Interface (UI) ရဲ့ အဆင့်အတန်း
iOS မှာပါဝင်တဲ့ User Interface (UI) ဟာ သုံးစွဲသူ User တိုင်းကို စိတ်ကျေနပ်စေပါတယ်။ Mail စစ်မလား၊ ဖုန်းပြောမလား၊ SMS ပို့မလား၊ သီချင်းနားထောင် ရုပ်ရှင်ကြည့်မလား၊ အားလုံးကို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်တာဟာ iOS UI ရဲ့ အရမ်းကောင်းတဲ့အချက်တစ်ခုပါ။

(၁၀) ခလုတ်တစ်ခုသာလိုအပ်ခြင်း
Android ဖုန်းတွေမှာ Back နဲ့ Settings လို Function Key တွေ ပါဝင်ပေမယ့် Apple မှာတော့.. သင် လုပ်ချင်တာတွေ လုပ်နိုင်ဖို့ ခလုတ်တစ်ခုသာ လိုအပ်ပါတယ်။

 ဒီအချက်တွေဟာ iOS က Android အပေါ်မှာ အနိုင်ရနေတဲ့အချက် (၁၀)ချက်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် အမြဲတမ်းပြောနေသလိုပါပဲ၊ ကိုယ့်အတွက် အဆင်အပြေဆုံးဟာက အကောင်းဆုံးပါ၊ ဟိုဖက်ကလှည့်ရေးလိုက်၊ ဒီဖက်က ပြန်ရေးလိုက်နဲ့ စာဖတ်သူကို အရူးလုပ်နေတယ်လို့တော့ မထင်ကြပါနဲ့။ မိတ်ဆွေများ ရွေးချယ်ရာမှာ အကောင်းဆုံးအမှန်ကန်ဆုံးကို ရရှိနိုင်ဖို့ တင်ပြလိုက်ရတာဖြစ်ပါတယ်။

Ref: Business Insider, Wiki, XDA

Credit to : Myanmar Mobility

iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်

ယခုအခါမှာတော့ Smartphone တွေရဲ့ပြိုင်ပွဲ ပိုမိုပြင်းထန်လာခဲ့ပါပြီ။ ဒါပေမယ့် တကယ်တမ်း ပြိုင်ဆိုင်နေကြတဲ့ အဓိက အင်အားကြီးပြိုင်ဖက်အနေနဲ့ကတော့ (၂) ဦးတည်းသာရှိပါတယ်။ Google ရဲ့ Android နဲ့ Apple ရဲ့ iOS for iPhone တို့ပါပဲ။ (၂) မျိုးစလုံးကောင်းပါတယ်။ သို့သော် တစ်ချို့အချက်တွေမှာ Android ဟာ iPhone ထက် အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ်။ ဒီပို့စ်မှာ iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်ကို ကျနော်ရွေးထုတ်ရေးပြချင်ပါတယ်။
(၁) သိုလှောင်နိုင်စွမ်းကို အလွယ်တကူ ထပ်မံနိုင်မြှင့်နိုင်ခြင်း
ကျနော်တို့ဖုန်းတွေထဲမှာ သီချင်းတွေ၊ ပုံတွေ၊ App တွေ ထည့်သွင်းတဲ့အခါ တစ်ခါတစ်လေမှာ built-in ပါဝင်တဲ့ storage ဟာ လုံလောက်မှုမရှိပါဘူး။ Android ဖုန်းတွေမှာ Micro SD ကတ်တွေ အလွယ်တကူဝယ်ယူထည့်သွင်းနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ နောက်ပြီးတော့ Storage အတွက် သက်သက်နဲ့ နောက်ဖုန်းတစ်လုံး ဝယ်ယူစရာမလိုတာကလဲ တော်တော်ကိုကောင်းတဲ့အချက်ပါ။
(၂) Built-in ပါဝင်တဲ့ လမ်းညွှန်စနစ်
သိပ်မကြာခင်က Apple ဟာ သူရဲ့ Map စနစ်အသစ်ကိုကြေညာခဲ့ပါတယ်။ iOS 5 မှာ ပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူ့ရဲ့ Navigation စနစ်ဟာ Android မှာပါဝင်တဲ့ စနစ်ကို မမှီပါဘူး။ ရိုးရိုးသာမန် လမ်းကြောင်းရှာဖို့အတွက်ပဲ အသုံးဝင်ပေမယ့်  အသံနဲ့ ပြောပြနိုင်တဲ့ စနစ် နဲ့ လမ်းပေါ်က မြင်ကွင်းတွေကို 3D နဲ့ ဖော်ပြနိုင်စွမ်းတွေ အတွက် မဖြစ်နိုင်သေးပါဘူး။
(၃) နှစ်သက်ရာ Hardware ကိုရွေးချယ်နိုင်ခြင်း
စမတ်ဖုန်းမော်ဒယ်တစ်မျိုး ကို သင်မကြိုက်ဘူးဆိုရင် သင့်မှာ ရွေးချယ်စရာ အများကြီး ရှိပါတယ်။ ကုမ္ပဏီ အမျိုးမျိုးက ထုတ်တဲ့ Hardware အမျိုးမျိုး၊ Screen Size အမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။
 (၄) App ထည့်သွင်းရာမှာ ကန့်သတ်မှုမရှိခြင်း
အများသိတဲ့အတိုင်း iPhone ဟာ App Install လုပ်မှုအပိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ Google ရဲ့ Android မှာတော့ Google Play Store ရှိပေမယ့် User တွေ နှစ်သက်ရာ Third-party App တွေ ထည့်သွင်းခွင့်ပေးထားတဲ့အတွက် iPhone ထက်သာနေတာ ငြင်းမရပါဘူး။

(၅) နောက်ဆုံးပေါ် Hardware နဲ့ နည်းပညာများ အသုံးပြုနိုင်ခြင်း
Android ကို ထည့်သွင်းအသုံးပြုထားတဲ့ Smart Phone အမျိုးအစားတွေဟာ iPhone ထက် များပြားတဲ့အတွက်
Hardware အသစ်၊ နည်းပညာအသစ်တွေပေါ်ပေါက်လာတဲ့အခါ Android အမျိုးအစား ဖုန်းတွေက အရင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ iPhone မှာတော့ Model အသစ်တစ်ခုထွက်မှ တစ်ခါ Upgrade လုပ်ရတာ ဖြစ်တဲ့အတွက် အင်အားများတဲ့ Android ကို မယှဉ်နိုင်ပါဘူး။

(၆) လိုသလို Customize လုပ်နိုင်သော Home Screen
Android ဖုန်းတွေမှာ သင်တို့ရဲ့ Home Screen ကို App တွေသုံးပြီး လိုသလို ပြုပြင်နိုင်ပါတယ်။ iPhone မှာပါဝင်တဲ့ Rows to Rows လို့ခေါ်တဲ့ ဘေးတိုက်ရွေ့တာတစ်ခုတည်းမဟုတ်ဘဲ သင်လိုချင်သလို ပြုပြင် နိုင်ခြင်း၊ Widget တွေ ထည့်သွင်းနိုင်ခြင်း၊ Touch Button တွေကို အလွယ်တကူပြင်ဆင်နိုင်ခြင်း စတာတွေဟာ Android ရဲ့ အားသာချက်ပါ။

(၇) Google App တွေနဲ့ Services တွေကို သုံးစွဲနိုင်ခြင်း
Android ဖုန်းတွေမှာ Google ရဲ့ web-based App တွေပါဝင်ပါတယ်။ Google Maps, Docs, Gmail စတာတွေပါ။ သင့်ရဲ့ Google Account ကို သင့်ဖုန်းနဲ့ တစ်ကြိမ် Log-in ဝင်ရုံနဲ့ ဒါတွေအားလုံး သင်သုံးလို့ရပါပြီ။  Apple မှာလဲပဲ iCloud လို့ ခေါ်တဲ့ ခပ်ဆင်ဆင်တူတဲ့ Service ရှိပါတယ်။ ဒါပေမယ့် Google ရဲ့ App နဲ့ Services တွေလောက် မကောင်းလာသေးပါဘူး။
(၈) Default အဖြစ် ရွေးချယ်စရာ App အများအပြားရှိခြင်း
iPhone အတွက် Browsers, Calenders နဲ့ Email အစရှိသဖြင့် App တွေရှိပါတယ်။ အများစုဟာလဲ ကောင်းမွန်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့အချက်က သင့်အနေနဲ့ အဲဒီ App တွေကို Default App အဖြစ်ပြောင်းလို့ မရတာပါပဲ။ ဥပမာ- သင် Sparrow for iPhone ကိုသုံးပြီး Email သုံးရတာနှစ်သက်တယ် ဆိုပါတော့.. Email တစ်ခုကို သင်နှိပ်လိုက်တဲ့အခါ Sparrow for iPhone နဲ့ သင်သုံးလို့မရပါဘူး။ Apple ရဲ့ Default App နဲ့သာ ပွင့်လာမှာဖြစ်ပါတယ်။ Android မှာတော့ သင်နှစ်သက်ရာ App ကို Default အဖြစ်ပြောင်းလို့ရတဲ့အတွက် iPhone ထက် ပိုပြီး အဆင်ပြေစေပါတယ်။
(၉) Multitasking ပိုမိုကောင်းမွန်ခြင်း
iPhone မှာ သင်အလိုရှိတဲ့ App ကို ပြန်ဖွင့်ဖို့ရာ အခက်အခဲရှိနေဆဲပါ။ Android မှာတော့ Taskbar ပေါ်က Multitasking ခလုတ်ကို နှိပ်လိုက်တဲ့အခါ နောက်ဆုံးသုံးခဲ့တဲ့ App တွေပေါ်လာပါလိမ့်မယ်။ သင်ဖွင့်လိုရာကို နှိပ်ပြီး ဖွင့်နိုင်သလို ပိတ်လိုရာကိုလဲ အမှားနှိပ်ပြီး ပိတ်ရုံပါ။

(၁၀) Social Networks နှင့် အခြား Online Services များနှင့် ချိတ်ဆက်ခြင်း
ကျနော်တို့ ဖုန်းပေါ်ကနေတဆင့် Social Networks တွေနဲ့ အခြား Online Services တွေကို အသုံးပြုပြီး File Sharing လုပ်တာတွေ၊ ပုံတင်တာတွေ လုပ်လေ့ရှိပါတယ်။ iPhone မှာ ဆိုရင် အခြား App တွေကို ဖွင့်ပြီး သုံးရပါတယ်။ Android မှာတော့ ဒီလိုမဟုတ်ပါဘူး။ ဥပမာ- သင် ပုံတစ်ပုံကို မျှဝေချင်တယ်ဆိုရင် ကင်မရာ ကိုတောင် သင်ပိတ်စရာမလိုပါဘူး။ သင်အလိုရှိရာ Social Network ကို ရွေးပြီး မျှဝေရုံပါပဲ။
ဒီအချက်တွေကတော့ Android ဖုန်းတွေရဲ့ iPhone ထက်သာလွန်တဲ့ အချက် (၁၀)ချက်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွေးချယ်စရာ ပေါများတဲ့ ယနေ့ခေတ်ကြီးထဲမှာ ကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေဖို့ အွန်လိုင်းပေါ်ကနေ ရှာဖွေတင်ပြလိုက်ရကြောင်းပါ။
Ref: Business Insider, wiki
Credit: Myanmar Mobility

Thursday, March 7, 2013

Battery Doctor Pro Update For Jailbroken iDevice



iOS အတွက် Battery Doctor Pro lasted Version လေးပါ။ ဒါပေသိ့ .. ခင်ဗျားဖုန်းက Jailbrake လုပ်ထားဖို့တော့လိုမယ်ဗျ။ ဒီ Version မှာ အသစ်ပါလာတာတွေက .. iOS ရဲ့ Noti bar လေးမှာ Battery doctor ရဲ့ Shortcut လေးတွေပါလာတယ်ဗျ .. ။ တော်တော်မိုက်ပါတယ်... ။ charging 100% ပြည့်ရင်လဲ Alert လုပ်ပေးပါတယ် ။။ ဘာပဲဖြစ်ဖြစ် သုံးသင့်ပါတယ် .. ခင်ဗျားရဲ့ဖုန်းဟာ Jailbroken ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ ။

Download Battery Doctor Pro .deb

deb file ကို install လုပ်နည်းကို ဒီမှာ ဖတ်လိုက်ပါဗျာ ... ။

Wifi Transfer Pro 1.0.4 for Android


သီချင်းတစ်ခု ဒါမှမဟုတ် software တစ်ခုခုကို မိမိဖုန်း(သို့) Tablet ထဲကိုကူးချင်ရင် ... PC နဲ့ ချိတ် .. ပြီးတော့ ကူးထည့် .. အဲ့လိုလုပ်နေရတာ အဆင်မပြေတာမျိုးဖြစ်တတ်ပါတယ် ။ တစ်ခါတစ်လေ .. စက်က USB Driver မသိတာမျိုးဆို အခက်တွေ့မှာပေါ့။ ဒီ app လေးက wifi ရှိမယ်ဆိုရင် မိမိဖုန်း (သို့) Tablet ကနေ IP တစ်ခုထုတ်ပေးပြီးတော့ PC ရဲ့ Browser (eg. firefox, Chrome) တို့ကနေ အဲ့ IP ကိုလှမ်းခေါ်လိုက်ရင် ... Device ရဲ့ Storage ထဲကိုရောက်သွားမှာပါ ...။ အဲ့ခါကျတော့မှ .. ခင်ဗျား စိတ်ကြိုက် သီချင်းတွေ, software တွေ ထည့်ပေတော့ဗျာ ။ USB connect လုပ်စရာမလိုတော့ဘူးပေါ့ဗျာ။
ညွှန်းတာ တော်တော်များသွားပြီထင်တယ် ။ စမ်းသုံးကြည့်ပေါ့ဗျာ .. ။ အောက်မှာ ဒေါင်းသွားလိုက်ပါ ... ။



Team Viewer (cracked) for iOS, Android, Window





Team Viewer full version လေးပါ။ အသုံးဝင်ပုံကတော့ ... computer တစ်လုံးနဲ့ တစ်လုံး , computer ကို Android os သုံး Phone or Tablet ကနေ ထိန်းချုပ်နိုင်ခြင်း, computer ကို iOS သုံး iPhone or iPad မှ ထိန်းချုပ်နိုင်ပါတယ်။ PC မှာ Install လုပ်ပြီးပြီဆိုပါက ... PC မှ ပေးတဲ့ ID ကို မှတ်ပြီး ဖုန်း or Tablet မှ ထို ID ဖြင့် လှမ်းထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် ပါတဲ့ feature တွေကိုတော့ မိတ်ဆွေတို့ စမ်းသုံးကြည့်ကြည့်ပေါ့ဗျာ ... ။ အောက်မှာ download လုပ်သွားပါနော် ...။ iOS အတွက် appstore မှာဆိုရင် ဒေါ်လာ တစ်ရာကျော်တန်ပါတယ်။ မသုံးဖြစ်တောင်မှ သိမ်းထားဖို့သင့်ပါတယ်။


Twitter Update

 
Copyright toetoeaung. Powered by Blogger.