Home » Posts filed under Notes
Monday, September 16, 2013
Wednesday, September 4, 2013
Window OS သုံး ဖုန်းများတွင် မြန်မာ font ထည့်သွင်းခြင်း
WindowsPhone အသုံးပြုတဲ့သူတွေအတွက် WindowsPhone မှာ Font တွေထည့်သွင်းချင်တဲ့အခါ မိမိဘာသာထည့်သွင်းနိုင်ဖို့အတွက် ဘယ်လိုထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
WindowsPhone မှာသင်ထည့်သွင်းချင်တဲ့ Font ကိုထည့်သွင်းဖို့အတွက်ဆိုရင် အဆင့်ငါးဆင့်ပဲရှိမှာဖြစ်ပါတယ်။
သင်ထည့်သွင်းချင်တဲ့ Font ကို WindowsPhoneOS မှာထည့်သွင်းဖို့အတွက် ကွန်ပျူတာရှိဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့ Handset နဲ့ကွန်ပျူတာချိတ်ဆက်ပြီးထည့်သွင်းရမှာဖြစ်တဲ့အတွက် ထည့်သွင်းဖို့ဆိုရင်အလွယ်တကူ
ရှင်းလင်းစွာနဲ့ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
WindowsPhone ထဲကို Font ထည့်သွင်းဖို့အတွက် ရိုးရှင်းတဲ့အချက်ငါးချက်ပဲရှိပါတယ်။ အချက်တွေကိုအောက်ပါအဆင့်အတိုင်းလုပ်ဆောင်ပေး ပါကအလွယ်တကူနဲ့ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
၁။ သင့်ရဲ့ WindowsPhoneOS အသုံးပြုထားတဲ့ Handset ကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီး ActiveSync ကိုဖွင့်ပေးလိုက်ပါ။
၂။သင့် PC အတွင်းမှာရှိတဲ့ C:\WindowsFonts ဆိုတဲ့လမ်းကြောင်းအတိုင်း FontsFolder ထဲကိုရောက်အောင်သွားရပါမယ်။
၃။ နောက်တစ်ဆင့်ကတော့ Windows Phone OS ရဲ့ Mobile Device Folder ကိုသင့် PC ထဲကနေဖွင့်ရမှာဖြစ်ပါတယ်။
Mobile Device Folder ကိုဖွင့်ပြီးရင်တော့ အောက်ဖော်ပြပါ အဆင့်အတိုင်း လုပ်ရပါမယ်။
၎။ဒီအဆင့်ကတော့ WindowPhoneOS အသုံးပြုတဲ့ Handset အတွင်းမှာရှိတဲ့ FontFolder ကိုသွားရမှာဖြစ်ပါတယ်။လမ်းကြောင်းကတော့
\Windows\Fonts\ ဖြစ်ပါတယ်။
၅။ နောက်ဆုံးအဆင့်ဖြစ်တဲ့ဒီအဆင့်ကတော့ Windows စနစ်အောက်က FontsFolder ရှိတဲ့သင်ထည့်သွင်းချင်တဲ့ဖိုင်ကို MobileDevice
ရဲ့ Windows\Fonts\ အောက်ကိုသင်ထည့်သွင်းချင်တဲ့ Font ကို Move လုပ်ပေးလိုက်တယ်ဆိုရင် WindowsPhoneOS အသုံးပြုထား
တဲ့ Handset ထဲကို သင်ထည့်သွင်းချင်တဲ့ Font ရောက်သွားပြီဖြစ်ပါတယ်။
ဒီအဆင့်တွေပြီးသွားပြီဆိုရင်တော့ WindowsPhoneOS ရဲ့ MobileWords ထဲကိုသွားရပါမယ်။ပြီးရင်တော့ Menu>Format>Font
ကိုသွားရပါမယ်။ dropbox မှာရှာကြည့်လိုက်တယ်ဆိုရင်သင်ထည့်သွင်းထားတဲ့ Font ကိုအဲဒီအောက်က FontList မှာ တွေ့ရမှာဖြစ်ပါတယ်။

Saturday, March 23, 2013
Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက်
Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက် ဆိုတဲ့ပို့စ်မှာ
ကျနော်ရေးခဲ့တဲ့အတိုင်း အချို့အချက်တွေမှာ Android က
တကယ်သာလွန်ကောင်းမွန်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ သို့သော် အရာရာတိုင်းမှာ
"တခြားတစ်ဖက်ကကြည့်ရင်" ဆိုတဲ့စကားရှိတဲ့အတိုင်း Android ထက်သာတဲ့အချက်တွေ
iPhone မှာရှိနေဆဲပါပဲ။ ဒီပို့စ်မှာ ကျနော် Android ထက်သာလွန်တဲ့ iPhone
ရဲ့ အချက် (၁၀)ချက် ကိုရေးပြချင်ပါတယ်။
(၁) App ရွေးချယ်မှု နှင့် အရည်အသွေး
Apple ရဲ့ App Store ဟာ Google Play နဲ့ Amazon တို့ရဲ့ App Store တွေနဲ့ ယှဉ်ရင် ပိုကောင်းနေဆဲဖြစ်ပါတယ်။ Store ရဲ့ Design သာမက App တွေရဲ့ အရည်အသွေးမှာပါ ကွာဟမှုရှိနေဆဲပါ။ Apple ဟာ သူ့ရဲ့ Store ကနေ မကောင်းတဲ့(အဖျက်) App များကို အမြဲရှင်းထုတ်ပေးနိုင်ပြီး အကောင်းဆုံးများကိုသာ User တွေဆီ ဆောင်ကျဉ်းပေးနိုင်ပါတယ်။
(၂) App နှင့် Game များကို Android ထက်စောပြီး ရရှိနိုင်ခြင်း
App နဲ့ Game Developer များဟာ သူတို့ရဲ့ App နဲ့ Game များကို Apple ရဲ့ iOS အတွက် အရင် ထုတ်လုပ်တဲ့သူများ အများစုဖြစ်နေတာတွေ့ရပါတယ်။ iOS မှာ အရင်ထုတ်ပြီးမှ Android မှာ Developed လုပ်ကြတာ တွေ့ရပါတယ်။ ဒီထဲမှာ Facebook, LinkedIn, Evernote စတဲ့ နာမည်ကြီး App တွေပါ အပါအဝင်ပါ။ ဒါကြောင့် iOS မှာ App နဲ့ Game များကို ပိုပြီးစောစောရနိုင်တဲ့ အားသာချက်ရှိနေပါတယ်။
(၃) Touch Control ကောင်းမွန်ခြင်း
Android အသုံးပြုတဲ့ Samsung Galaxy S II ဟာ ကမ္ဘာ့အမြန်ဆုံး Touch Screen ဖုန်းဆု ရခဲ့ပါတယ်။ ဒါပေမယ့်လဲ OS ခြင်း ယှဉ်လိုက်တဲ့အခါမှာ iOS ဟာ Ice Cream Sandwich ထက်ပိုပြီး Touch Control အသာရနေတာတွေ့ရပါတယ်။ iOS ဟာ စတင်ထုတ်လုပ်တဲ့ 2007 ကနေ ယနေ့ 2012 အထိ Touch Quality ကို ထိမ်းထားနိုင်တာတွေ့ရပါတယ်။
(၄) ရုပ်ရှင် နှင့် သီချင်းများကို အလွယ်တကူ ရယူနိုင်ခြင်း
Apple iTunes ဟာ Google Play ထက် ရုပ်ရှင်၊ သီချင်းနဲ့ တီဗွီအစီအစဉ်တွေ ပိုမိုထောက်ပံ့ပေးနိုင်တာ ငြင်းစရာမလိုတဲ့အချက်ဖြစ်ပါတယ်။ ဒါ့အပြင် iCloud နည်းပညာကြောင့် Device တစ်ခုကနေ ဝယ်ယူခဲ့တဲ့ Program ကို အခြား Device တစ်ခုမှာ အလွယ်တကူထည့်သွင်းနိုင်တာဟာလဲ အရမ်းကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ iTunes ကိုမှီဖို့ Google Play အနေနဲ့ အတော်ကြိုးစားရဦးမှာပါ။
(၅) Software Update အလွယ်တကူ ရနိုင်ခြင်း
Galaxy Nexus နဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Android 4.0 ဟာ အခြားဖုန်းတွေမှာ ထည့်သွင်းနိုင်ဖို့ လတော်တော်ကြာကြာ စောင့်ခဲ့ရတာ မှတ်မိကြမှာပါ။ iOS မှာတော့ Software Update ကို စတင်ကြေညာတဲ့အချိန်မှာပဲ Upgrade လုပ်နိုင်ပါတယ်။ Apple ဟာ Hardware ရော Software ပါ အတူတကွ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက် အကောင်းဆုံးနဲ့ အဆင့်အမြင့်ဆုံး iOS ကို သင်အမြဲ အသုံးပြုနေနိုင်ပါတယ်။
(၆) iCloud အသုံးပြု၍ Automatic Backup လုပ်နိုင်ခြင်း
iOS5 ကို အသုံးပြုပြီး App များ၊ သီချင်း နဲ့ ဓါတ်ပုံများ အစရှိတဲ့ သင့် Data များကို iCloud မှာ Auto-Backup လုပ်နိုင်ပါတယ်။ ဒါကြောင့် သင့် Device ကို Reset လုပ်ပြီးတဲ့အခါမှာတောင် Apple ID နဲ့ iCloud ကို Log-in ဝင်ပြီးတဲ့အခါ Data ဆုံးရှုံးမှုမရှိဘဲ အလွယ်တကူ ပြန်လည်ဒေါင်းလုတ်ရယူနိုင်ပါတယ်။
(၇) Mail Inbox များကို ပေါင်းစပ်အသုံးပြုနိုင်ခြင်း
Apple ရဲ့ Email Inbox မှာ သင်အသုံးပြုသမျှ Mail များရဲ့ Inbox များကို တစ်နေရာတည်း Access လုပ်နိုင်ပါတယ်။ သင့်ရဲ့ Mail အားလုံးရဲ့ Inbox များအားလုံးက ဝင်လာသမျှ Email များကို တစ်နေရာတည်းမှာ ဖတ်နိုင်၊ ပြန်နိုင်၊ သိမ်းဆည်းနိုင်ခြင်းအားဖြင့် Mail တစ်ခုထက်ပိုပြီးအသုံးပြုသူများအတွက် အရမ်းအဆင်ပြေတဲ့အချက်ဖြစ်ပါတယ်။ Android 4.0 ICS မှာ မရသေးပါဘူး။ (4.1 မှာတော့ Different Inbox တွေခွဲပြီး အသုံးပြုလို့ရပါပြီ။ Inbox တစ်ခုတည်းမှာတော့ သုံးလို့မရသေးပါ)
(၈) Clean ဖြစ်တဲ့ Design
ဟုတ်ပါတယ်။ ကျနော်ရေးခဲ့သလို iOS မှာ Home Screen တွေWidget တွေကို ပြင်ဆင်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့်.. အဲဒါရဲ့ ရလဒ်ကတော့ ရှင်းလင်းသပ်ရပ်ပြီး စတိုင်ကျတဲ့ Home Screen Design ပဲဖြစ်ပါတယ်။ ICS မှာ ဘယ်လိုလှပကောင်းမွန်တဲ့ Animation တွေပါဝင်နေပါစေ၊ iOS ရဲ့ သန့်ပြန့်တဲ့ Design ဟာ ဆွဲဆောင်မှုရှိနေဆဲပါ။
(၉) User Interface (UI) ရဲ့ အဆင့်အတန်း
iOS မှာပါဝင်တဲ့ User Interface (UI) ဟာ သုံးစွဲသူ User တိုင်းကို စိတ်ကျေနပ်စေပါတယ်။ Mail စစ်မလား၊ ဖုန်းပြောမလား၊ SMS ပို့မလား၊ သီချင်းနားထောင် ရုပ်ရှင်ကြည့်မလား၊ အားလုံးကို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်တာဟာ iOS UI ရဲ့ အရမ်းကောင်းတဲ့အချက်တစ်ခုပါ။
(၁၀) ခလုတ်တစ်ခုသာလိုအပ်ခြင်း
Android ဖုန်းတွေမှာ Back နဲ့ Settings လို Function Key တွေ ပါဝင်ပေမယ့် Apple မှာတော့.. သင် လုပ်ချင်တာတွေ လုပ်နိုင်ဖို့ ခလုတ်တစ်ခုသာ လိုအပ်ပါတယ်။
ဒီအချက်တွေဟာ iOS က Android အပေါ်မှာ အနိုင်ရနေတဲ့အချက် (၁၀)ချက်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် အမြဲတမ်းပြောနေသလိုပါပဲ၊ ကိုယ့်အတွက် အဆင်အပြေဆုံးဟာက အကောင်းဆုံးပါ၊ ဟိုဖက်ကလှည့်ရေးလိုက်၊ ဒီဖက်က ပြန်ရေးလိုက်နဲ့ စာဖတ်သူကို အရူးလုပ်နေတယ်လို့တော့ မထင်ကြပါနဲ့။ မိတ်ဆွေများ ရွေးချယ်ရာမှာ အကောင်းဆုံးအမှန်ကန်ဆုံးကို ရရှိနိုင်ဖို့ တင်ပြလိုက်ရတာဖြစ်ပါတယ်။
Ref: Business Insider, Wiki, XDA
Credit to : Myanmar Mobility

iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်
ယခုအခါမှာတော့ Smartphone တွေရဲ့ပြိုင်ပွဲ ပိုမိုပြင်းထန်လာခဲ့ပါပြီ။
ဒါပေမယ့် တကယ်တမ်း ပြိုင်ဆိုင်နေကြတဲ့ အဓိက အင်အားကြီးပြိုင်ဖက်အနေနဲ့ကတော့
(၂) ဦးတည်းသာရှိပါတယ်။ Google ရဲ့ Android နဲ့ Apple ရဲ့ iOS for iPhone
တို့ပါပဲ။ (၂) မျိုးစလုံးကောင်းပါတယ်။ သို့သော် တစ်ချို့အချက်တွေမှာ
Android ဟာ iPhone ထက် အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ်။ ဒီပို့စ်မှာ iPhone
ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်ကို
ကျနော်ရွေးထုတ်ရေးပြချင်ပါတယ်။
(၁) သိုလှောင်နိုင်စွမ်းကို အလွယ်တကူ ထပ်မံနိုင်မြှင့်နိုင်ခြင်း
ကျနော်တို့ဖုန်းတွေထဲမှာ သီချင်းတွေ၊ ပုံတွေ၊ App တွေ ထည့်သွင်းတဲ့အခါ
တစ်ခါတစ်လေမှာ built-in ပါဝင်တဲ့ storage ဟာ လုံလောက်မှုမရှိပါဘူး။ Android
ဖုန်းတွေမှာ Micro SD ကတ်တွေ အလွယ်တကူဝယ်ယူထည့်သွင်းနိုင်တဲ့အတွက်
အဆင်ပြေပါတယ်။ နောက်ပြီးတော့ Storage အတွက် သက်သက်နဲ့ နောက်ဖုန်းတစ်လုံး
ဝယ်ယူစရာမလိုတာကလဲ တော်တော်ကိုကောင်းတဲ့အချက်ပါ။
(၂) Built-in ပါဝင်တဲ့ လမ်းညွှန်စနစ်
သိပ်မကြာခင်က Apple ဟာ သူရဲ့ Map စနစ်အသစ်ကိုကြေညာခဲ့ပါတယ်။ iOS 5 မှာ
ပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူ့ရဲ့ Navigation
စနစ်ဟာ Android မှာပါဝင်တဲ့ စနစ်ကို မမှီပါဘူး။ ရိုးရိုးသာမန်
လမ်းကြောင်းရှာဖို့အတွက်ပဲ အသုံးဝင်ပေမယ့် အသံနဲ့ ပြောပြနိုင်တဲ့ စနစ် နဲ့
လမ်းပေါ်က မြင်ကွင်းတွေကို 3D နဲ့ ဖော်ပြနိုင်စွမ်းတွေ အတွက်
မဖြစ်နိုင်သေးပါဘူး။
(၃) နှစ်သက်ရာ Hardware ကိုရွေးချယ်နိုင်ခြင်း
စမတ်ဖုန်းမော်ဒယ်တစ်မျိုး ကို သင်မကြိုက်ဘူးဆိုရင် သင့်မှာ ရွေးချယ်စရာ
အများကြီး ရှိပါတယ်။ ကုမ္ပဏီ အမျိုးမျိုးက ထုတ်တဲ့ Hardware အမျိုးမျိုး၊
Screen Size အမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး
နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။
(၄) App ထည့်သွင်းရာမှာ ကန့်သတ်မှုမရှိခြင်း
အများသိတဲ့အတိုင်း iPhone ဟာ App Install လုပ်မှုအပိုင်းမှာ နာမည်ဆိုးနဲ့
ကျော်ကြားပါတယ်။ Google ရဲ့ Android မှာတော့ Google Play Store ရှိပေမယ့်
User တွေ နှစ်သက်ရာ Third-party App တွေ ထည့်သွင်းခွင့်ပေးထားတဲ့အတွက်
iPhone ထက်သာနေတာ ငြင်းမရပါဘူး။
(၅) နောက်ဆုံးပေါ် Hardware နဲ့ နည်းပညာများ အသုံးပြုနိုင်ခြင်း
Android ကို ထည့်သွင်းအသုံးပြုထားတဲ့ Smart Phone အမျိုးအစားတွေဟာ iPhone ထက် များပြားတဲ့အတွက်
Hardware အသစ်၊ နည်းပညာအသစ်တွေပေါ်ပေါက်လာတဲ့အခါ Android အမျိုးအစား
ဖုန်းတွေက အရင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ iPhone မှာတော့ Model
အသစ်တစ်ခုထွက်မှ တစ်ခါ Upgrade လုပ်ရတာ ဖြစ်တဲ့အတွက် အင်အားများတဲ့ Android
ကို မယှဉ်နိုင်ပါဘူး။
(၆) လိုသလို Customize လုပ်နိုင်သော Home Screen
Android ဖုန်းတွေမှာ သင်တို့ရဲ့ Home Screen ကို App တွေသုံးပြီး လိုသလို
ပြုပြင်နိုင်ပါတယ်။ iPhone မှာပါဝင်တဲ့ Rows to Rows လို့ခေါ်တဲ့
ဘေးတိုက်ရွေ့တာတစ်ခုတည်းမဟုတ်ဘဲ သင်လိုချင်သလို ပြုပြင် နိုင်ခြင်း၊ Widget
တွေ ထည့်သွင်းနိုင်ခြင်း၊ Touch Button တွေကို အလွယ်တကူပြင်ဆင်နိုင်ခြင်း
စတာတွေဟာ Android ရဲ့ အားသာချက်ပါ။
(၇) Google App တွေနဲ့ Services တွေကို သုံးစွဲနိုင်ခြင်း
Android ဖုန်းတွေမှာ Google ရဲ့ web-based App တွေပါဝင်ပါတယ်။ Google Maps,
Docs, Gmail စတာတွေပါ။ သင့်ရဲ့ Google Account ကို သင့်ဖုန်းနဲ့ တစ်ကြိမ်
Log-in ဝင်ရုံနဲ့ ဒါတွေအားလုံး သင်သုံးလို့ရပါပြီ။ Apple မှာလဲပဲ iCloud
လို့ ခေါ်တဲ့ ခပ်ဆင်ဆင်တူတဲ့ Service ရှိပါတယ်။ ဒါပေမယ့် Google ရဲ့ App နဲ့
Services တွေလောက် မကောင်းလာသေးပါဘူး။
(၈) Default အဖြစ် ရွေးချယ်စရာ App အများအပြားရှိခြင်း
iPhone အတွက် Browsers, Calenders နဲ့ Email အစရှိသဖြင့် App တွေရှိပါတယ်။
အများစုဟာလဲ ကောင်းမွန်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့အချက်က သင့်အနေနဲ့ အဲဒီ
App တွေကို Default App အဖြစ်ပြောင်းလို့ မရတာပါပဲ။ ဥပမာ- သင် Sparrow for
iPhone ကိုသုံးပြီး Email သုံးရတာနှစ်သက်တယ် ဆိုပါတော့.. Email တစ်ခုကို
သင်နှိပ်လိုက်တဲ့အခါ Sparrow for iPhone နဲ့ သင်သုံးလို့မရပါဘူး။ Apple ရဲ့
Default App နဲ့သာ ပွင့်လာမှာဖြစ်ပါတယ်။ Android မှာတော့ သင်နှစ်သက်ရာ App
ကို Default အဖြစ်ပြောင်းလို့ရတဲ့အတွက် iPhone ထက် ပိုပြီး
အဆင်ပြေစေပါတယ်။
(၉) Multitasking ပိုမိုကောင်းမွန်ခြင်း
iPhone မှာ သင်အလိုရှိတဲ့ App ကို ပြန်ဖွင့်ဖို့ရာ အခက်အခဲရှိနေဆဲပါ။
Android မှာတော့ Taskbar ပေါ်က Multitasking ခလုတ်ကို နှိပ်လိုက်တဲ့အခါ
နောက်ဆုံးသုံးခဲ့တဲ့ App တွေပေါ်လာပါလိမ့်မယ်။ သင်ဖွင့်လိုရာကို နှိပ်ပြီး
ဖွင့်နိုင်သလို ပိတ်လိုရာကိုလဲ အမှားနှိပ်ပြီး ပိတ်ရုံပါ။
(၁၀) Social Networks နှင့် အခြား Online Services များနှင့် ချိတ်ဆက်ခြင်း
ကျနော်တို့ ဖုန်းပေါ်ကနေတဆင့် Social Networks တွေနဲ့ အခြား Online Services
တွေကို အသုံးပြုပြီး File Sharing လုပ်တာတွေ၊ ပုံတင်တာတွေ
လုပ်လေ့ရှိပါတယ်။ iPhone မှာ ဆိုရင် အခြား App တွေကို ဖွင့်ပြီး
သုံးရပါတယ်။ Android မှာတော့ ဒီလိုမဟုတ်ပါဘူး။ ဥပမာ- သင် ပုံတစ်ပုံကို
မျှဝေချင်တယ်ဆိုရင် ကင်မရာ ကိုတောင် သင်ပိတ်စရာမလိုပါဘူး။ သင်အလိုရှိရာ
Social Network ကို ရွေးပြီး မျှဝေရုံပါပဲ။
ဒီအချက်တွေကတော့ Android ဖုန်းတွေရဲ့ iPhone ထက်သာလွန်တဲ့ အချက်
(၁၀)ချက်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွေးချယ်စရာ ပေါများတဲ့
ယနေ့ခေတ်ကြီးထဲမှာ ကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေဖို့
အွန်လိုင်းပေါ်ကနေ ရှာဖွေတင်ပြလိုက်ရကြောင်းပါ။
Ref: Business Insider, wiki
Credit: Myanmar Mobility
Friday, February 8, 2013
Asphalt 7 Star & Money Hack (in iOS)
Asphalt 7 ကြယ်တွေနဲ့ ပိုက်ဆံ Hack နည်းလေးပါ ... ။ ifunbox ကနေ UserApplication ထဲက Asphalt 7 ထဲကိုဝင်ပါ။
ထိုထဲကမှ ... Document ထဲဝင် ၍ အထဲမှာ ရှိသမျှကို ဖျက်သာပစ်လိုက်ပါ။ ပြီးရင် ကျွန်တော်အောက်မှာပေးထားတဲ့ link မှ ဒေါင်းလို့ရလာတဲ့ .rar ထဲမှာ document folder လေးပါပါတယ်။
အဲ့ထဲမှာ ပါတဲ့ file လေးတွေကို ခုနကဖျက်ခဲ့တဲ့ နေရာလေးထဲကို import လုပ်ပေးပါက ... ခင်ဗျားရဲ့ Asphalt 7 ထဲမှာ ထီပေါက်ထားသလိုကိုတွေ့ရမှာပါ ... ။
Download
ifunbox & Asphalt 7 Hack.zip
Friday, February 1, 2013
MP3 သီချင်းတွေမှာ သီချင်းစာသား(Lyrics) ထည့်နည်း
သီချင်းလေးတွေနားထောင်ရင်းနဲ့ သီချင်းစာသားလေးတွေကိုလိုက်ဆိုချင်ကြမှာပေါ့နော် ..။ application ကိုသုံးပြီး ... Online ကနေ down လို့ရပေမယ့် ... offline ထည့်ချင်တဲ့သူတွေအတွက်တော့ ဒီနည်းကအဆင်ပြေမှာပါဗျာ ... :) ..။ ဒါပေမယ့် ခင်ဗျားဆီမှာ iTune တော့ရှိဖို့လိုလိမ့်မယ်ဗျ ...။
iTune ထဲမှာ ထည့်ချင်တဲ့သီချင်းကို ဖွင့်လိုက်ဗျာ .. ပြီးရင် အဲ့သီချင်းမှာပဲ R Click နှိပ် Get Info ထဲကိုသွားလိုက်ရင် Song Info တွေပြလိမ့်မယ် ... အဲ့ထဲကမှ Lyric ဆိုတဲ့ Tab ထဲဝင်ပြီး ခင်ဗျားထည့်ချင်တဲ့ စာသားတွေကို ပျော်ပျော်ကြီးသာထည့်ပေးရော့ဗျာ ... :P
အောက်မှာလဲ ပုံပြထားပေးပါတယ် ...
Google Chrome မှာ Zawgyi font မမြင်ရလျှင်
Google Chrome မှာ Zawgyi font မမြင်ရပဲ လေးထောင့်တုံးလေးတွေဖြစ်နေခဲ့ရင် ...
Local Disk (C:) > Users > user name > AppData> Local>Google>Chrome>User Data>Default>User StyleSheets> Customs.css အဲဒီမှာချိန်းရမှာပါ....။ AppData က system file မို့လို့.. folder hidden ဖြစ်နေတက်ပါတယ်...။
Hidden ဖြစ်နေတဲ့ folder ကိုအောက်ကအတိုင်း Folder Options မှာ change လုပ်ပေးရဦးမှာပါ ...။
Customs.css မှာချိန်းရမယ့်စာသားတွေတော့အောက်ကစာလေးကိုကူးပြီး paste လုပ်ပေးရုံပါပဲ။
body, p, div, td, tr, h1, h2, h3, h4, h5, h6, para, a
{
font-family:Zawgyi-one;
}
input, select , textarea

Friday, January 25, 2013
Window 8 Activation clear လုပ်နည်း နှင့် Activator
Window 8 Activator ကို ဒီမှာ Download လုပ်ပါ။
Window တင်ပီးလို့ တခြား activator တွေနဲ့ Activate လုပ်ခဲ့မိရင် activation ကို ပြန်clear လုပ်ရမှာပါ။ Clear လုပ်ဖို့ကတော့
1. Window key + x ကိုနှိပ်ပါ။ ( ” x ” နဲ့ Window logo ပါတဲ့ key လေးကိုတွဲနှိပ်ရမှာပါ။)
2. ဘယ်ဘက် အောက်ထောက်မှာပေါ်လာတဲ့ထဲက Command Prompt (Admin) ဆိုတာကိုရွေးပေးပါ။
3. Command Prompt ပေါ်လာရင် sfc.exe /scannow ကိုရိုက်ပေးပါ။ ( sfc.exe နဲ့ /scannow ရဲ့ခြားထဲမှာ Space ခြားပါတယ်၊ Space bar ရိုက်ပေးပါ။)
4. 100 % ပြည့်သွားခဲ့လို့ရှိရင် Computer ကို restart ချပေးပါ။
5. Restart ချလို့ပြန်တက်လာရင် အပေါ်မှာ ဒေါင်းထားတဲ့ Activator ကို run ပေးပါ။
6. Run ပီးတာနဲ့ ဘာမှ မလုပ်ပါနဲ့။ စက်က အလိုလို restart ကျပီး ပြန်တက်လာရင် Window 8 activate ဖြစ်တယ်ဆိုတဲ့အကြောင်း Desktop ပေါ်မှာ Pop-up တွေတက်လာမှာပါ။

Saturday, December 15, 2012
Cydia မှ .deb ဖိုင်များကို iDevice မျာသို့ install ပြုလုပ်ခြင်း
Cracked လုပ်ထားတဲ့ application တွေဆိုရင် အင်တာနက်ကွန်နက်ရှင်ရှိမှ Cydia ကနေတစ်ဆင့် သွင်းလို့ရတာပါ။ အခုပြောမယ့် နည်းလမ်းနဲ့ဆို သွင်းချင်တဲ့ application file ( .deb ဖိုင်ကိုပြောတာပါ) ရှိဖို့ပဲလိုပါတယ်။အရင်ဆုံး ကွန်ပျူတာနဲ့ချိတ်သွင်းလို့ရဖို့အတွက် ကွန်ပျူတာထဲမှာ software တစ်ခုရှိဖို့တော့လိုမှာပေါ့ဗျာ ...။
အရင်ဆုံး ဒီကနေပြီးတော့ ifunbox ကိုဒေါင်းပြီး မိမိ ကွန်ပျူတာမှာ install လုပ်ပေးပါ ...။
ifunbox donwload
ပြီးပြီဆိုရင်တော့ မိမိရဲ့ iPad/iPhone ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ iFunBox ဆော့ဝဲမှာ မိမိရဲ့ device ချိတ်ထားတာကိုသိပြီး ပေါ်လာပါလိမ့်မယ်။ ပြီးရင် raw File System ထဲကိုသွားပါ။ ပြီးရင် var ဖိုဒါထဲကိုသွားပါ။
ပြီးရင်root ဖိုဒါထဲကိုဝင်ပြီး Media ဖိုဒါထဲထိသွားပါ။ Media ဖိုင်ထဲကိုရောက်ပြီဆိုရင် အဲဒီထဲမှာ folder တစ်ခုဆောက်ပါ(folder ဆောက်ချင်ရင် right click နှိပ် New ထဲကနေဆောက်ပါ)။ folder ရဲ့နာမည်ကို Cydia လို့ပေးပါ။ပြီးရင် အသစ်ဆောက်ထားတဲ့ Cydia folder ထဲကိုဝင်ပါ။ Cydia folder ထဲကိုရောက်ပြီဆိုရင် AutoInstall ဆိုတဲ့ folder တစ်ခုထပ်ဆောက်ပါ(အဲဒီ AutoInstall folder ထဲမှာသွင်းချင်တဲ့ .deb application ဖိုင်ကိုထည့်ရမှာပါ)။ AutoInstall folder ထဲကိုရောက်ပြီဆိုရင် ကိုယ်သွင်းချင်တဲ့ install ဖိုင် (.deb) လေးကို AutoInstall folder ထဲမှာ ထည့်လိုက်ပါ။ ပြီးရင် iFunBox ဆော့ဝဲ ကိုပိတ်လို့ရပါပြီ ။ ပြီးရင် ကိုယ့်ရဲ့ iPad,iPhone ကို reboot လုပ် (သို့) Power ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ ပြန်တက်လာရင် ကိုယ့်ရဲ့ iPad,iPhone ထဲမှာ ခုနက ကွန်ပျူတာနဲ့ချိတ်ထည့်ထားတဲ့ .deb application လေး install လုပ်ပြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။
အရင်ဆုံး ဒီကနေပြီးတော့ ifunbox ကိုဒေါင်းပြီး မိမိ ကွန်ပျူတာမှာ install လုပ်ပေးပါ ...။
ifunbox donwload
ပြီးပြီဆိုရင်တော့ မိမိရဲ့ iPad/iPhone ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ iFunBox ဆော့ဝဲမှာ မိမိရဲ့ device ချိတ်ထားတာကိုသိပြီး ပေါ်လာပါလိမ့်မယ်။ ပြီးရင် raw File System ထဲကိုသွားပါ။ ပြီးရင် var ဖိုဒါထဲကိုသွားပါ။
Saturday, September 1, 2012
Microsoft word မှာ font မရှိလို့ ဆိုတဲ့ပြဿနာ မဖြစ်ရအောင်...
ကျွန်တော်တို့တတွေ စာတွေရိုက်ပြီး စက်တစ်လုံးကနေ တစ်ခြားစက်တစ်လုံးကို ကူးပြောင်းတဲ့အခါမှာ font မရှိတဲ့ ပြဿနာက အမြဲကြုံရပါတယ်..
အဲဒီလိုမဖြစ်ရအောင်....ဒီလိုလုပ်ကြည့်ပါ။
Microsoft word (2003) ဖိုင်ကိုဖွင့် Save as လုပ်။ Save as Box ကျလာရင် အဲဒီ box လေးရဲ့ ညာဘက် Title ဘားအောက်မှာ Tools ဘေးကမျှားလေးကိုဖွင့် Save Option ကို click လုပ် ။Box တစ်ခုထပ်ကျလာရင် Embed True Type Fonts ဆိုတဲ့နေရာမှာကော၊ Embed characters in use only ဆိုတဲ့နေရာမှာကော check box လေးတွေကို အမှန်ခြစ်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ပြီးရင်တော့ ကြိုက်တဲ့နေရာမှာသိမ်း။ ဒါဆိုရင်တော့ ဒီမိုက်ကရိုဆော့ဝတ် ဖိုင်လေးကို ဖောင့်မရှိလည်း ဖွင့်ဖတ်လို့ ရသွားပါပြီ။
Long Term of Computer
ACPI – Advanced Configuration and Power Interface
AGP – Accelerated Graphic Port
APM – Advanced Power Management
ASIC – Application Specific Integrated Circuit
BIOS – Basic Input / Output System
CD – Compact Disk
CMOS – Complementary Metal Oxide Semiconductor
CPU – Central Processing Unit
CRT – Cathode Ray Tube
DDR2 – Double Data Rate2
DIMM – Dual Inline Memory Module
DMA – Direct Memory Access
DOS – Disk Operating System
DRAM – Dynamic Random Access Memory
DVD – Digital Video Disk
ECP – Extended Capabilities Port
FSB – Front Side Bus
FTP – File Transfer Protocol
GbE – Gigabit Ethernet
HD – Hard Disk
IDE – Integrated Drive Electronic
IRQ – Interrupt Re Quest
ISP – Internet Service Provider
LAN – Local Area Network
LCD – Liquid Crystal Display
LED – Light Emitting Diode
LGA – Land Grid Array
Mac OS – Macintosh Operating System
MB – Mother Board
MPEG – Motion Pictures Experts Group
PAE – Physical Address Extension
PCI – Protocol Control Information
PDF – Portable Document Format
POST – Power On Self Test
PSU – Power Supply Unit
ROM – Read Only Memory
RTC – Real Time Clock
S/PDIF – Serial/Parallel Data Interchange Format
SATA – Serial ATA
SCSI – Small Computer Systems Interface
SS/DS – Single –Sided / Double – Sided
USB – Universal Serial Bus
VGA – Video Graphics Array
WAN – Wide Area Network
Windows XP – Windows eXPerience
Thursday, June 7, 2012
Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
Topic မစခင် မေးခွန်း တစ်ခု
မေးကြည့်ချင်တာက မိသားစုဝင်တွေ viruses, spyware, scareware, trojans, နဲ့ worms
တွေ အကြောင်း ဘယ်လောက်တောင်များ နားလည် ထားကြပါသလဲ - ဒီလို မေးခွန်းမေးလိုက်လို့
ကျွန်တော် က သူတို့နဲ့ ပတ်သတ်လို့ အများကြီး သိနေခဲ့လို့ မဟုတ်ပါဘူး - ကျွန်တော့်
မိသားစုဝင်တွေကို နေ့စဉ်နီးပါး တစ်ယောက် မဟုတ် တစ်ယောက်ကို ဒုက္ခလိုက်ပေးနေတဲ့ ဒီ
Virus တွေ အကြောင်းကို ကျွန်တော် သိနားလည် ထားသလောက်လေး မျှဝေချင်လို့ပါ။
ဒီနေရာမှာ ကျွန်တော် အဓိက Target ထားပြီး ပြောသွားမှာ malware
အမျိုးအစား အမျိုးမျိုး အကြောင်း နဲ့ သူတို့ ရန်ကို ဘယ်လို ကာကွယ် သွားမယ်
ဆိုတာကို အလွယ်တကူ မှတ်မိသိရှိ လွယ်အောင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Malware ဆိုတာ ဘာလဲ ??
တကယ်တော့ ကျွန်တော် ဒီအကြောင်းအရာကို မရေးခင်တည်းက အင်တာနက်ထဲမှာ Virus အမျိုးအစားတွေ အကြောင်းကို ကိုယ်နားလည် သိရှိထားသလောက် ဝေမျှထားခဲ့ဖူးကြပြီးသား အကြောင်းအရာတွေ ရှိနေတာ ကျွန်တော် သတိထားမိပါတယ် - ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးစားပေးသွားမှာပါ။ ခုနောက်ပိုင်း အင်တာနက် ခေတ်မှာ Virus ဆိုတာ ရှိနေသေးပေမယ့် Virus ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခံလာရတာ Malware ပါ။ Malicious software ဆိုတာကို အတိုချုန်းထားတဲ့ Malware ဆိုတာဟာ တစ်ခြား လူတစ်ယောက်ရဲ့ ကွန်ပြူတာ ထဲက သတင်းအချက်အလက် တွေကို လူမသိ သူမသိ ခိုးယူဖို့ - သူများ ကွန်ပြူတာကို ဒုက္ခပေးဖို့ လှလှ ပပ ပြင်ဆင်ထားတဲ့ viruses တွေ - worms တွေ spyware တွေ အားလုံးကို ယေဘုယျ အနေနဲ့ စကားလုံး တစ်လုံးတည်း အဖြစ် ကိုယ်စားပြုထားတဲ့ စာလုံးပဲ ဖြစ်ပါတယ်။
Viruses ဆိုတာ ဖိုင်တွေကို ဖျက်ဆီးတယ်။
ကျွန်တော်တို့ အမြဲတမ်း နားယဉ်နေကြတဲ့ computer virus ဆိုတာကို malware ဆိုတဲ့ စကားလုံးနဲ့ ဆင်တူတယ်လို့ ထင်မှတ်မှားတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ့ စကားလုံးနှစ်လုံးဟာ မဆင်တူပါဘူး - နဲနဲ အကျယ်ချဲ့ပြီး ရှင်းရရင် virus ဆိုတာမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ပုံတူပွားပြီး ကွန်ပြူတာကို တိုက်ခိုက်တဲ့ အမျိုးအစားပါ - ဆိုရရင် သူက ဝင်လာတုန်းက တစ်ကောင်တည်း ဒါပေမယ့် ကိုယ့်ဘာသာကိုယ် Copy ပြန်လုပ်ပြီး file တစ်ခုကနေ နောက်တစ်ခုကို ကူးတယ် - နောက် Copy နဲ့ Share လမ်းကြောင်းတွေကနေ တစ်ဆင့် စက်တစ်ခုကနေ နောက်တစ်ခုကို ဆက်ဖြန့်တယ် - နောက် viruses အများစုဟာ တစ်ကိုယ်ရည် တစ်ကာယ ရပ်တည်လှုပ်ရှားနိုင်တဲ့ executable files အမျိုးအစားတွေ ဖြစ်တတ်ပြီး တစ်ချို့ကတော့ master boot record အဖြစ် နောက် autorun scripts - MS Office macros နဲ့ တစ်ချို့ နေရာတွေမှာဆိုရင် arbitrary files တွေ အဖြစ်လည်း တည်ရှိနေတတ်ပါတယ်။ သူတို့ကို စီစဉ်ထုတ်လွှတ်လိုက်တဲ့ Programmer ရဲ့ စွမ်းရည်နဲ့ ရည်ရွက်ချက်ကို လိုက်ပြီး Target တွေလည်း မတူညီကြပါဘူး -
Viruses တော်တော်များများ - အထူးသဖြင့် CIH လိုမျိုးကတော့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာထဲက ဖိုင်တွေကို
တစ်စုံတစ်ယောက် က ဖျက်ပစ်ဖို့ ဒါမှမဟုတ် တစ်ခုခု ပြောင်းလဲပစ်ဖို့
ကြိုးစားတဲ့အချိန်မှာ System တစ်ခုလုံး လုံးဝ ဘာတစ်ခုမှ လုပ်ဆောင်လို့
မရတော့လောက်အောင် ဖန်တီးထားတဲ့ Virus မျိုး ဖြစ်ပါတယ် - အဲတော့ ကျွန်တော် အဓိက
Target ထားပြီး ပြောချင်တာ virus ဆိုတာမျိုးဟာ ကိုယ့်ရဲ့ System ကို ကိုယ့်ရဲ့
ချုပ်ထိန်းမှု အောက်မှာ မရှိတော့ပဲ အဲ့ဒီ့ Program က ညွှန်ကြားတဲ့ ခိုင်းစေချက်
အတိုင်း လိုက်ပါလုပ်ဆောင်စေတဲ့ အဖျက်စွမ်းအားကြီးတဲ့ အမျိုးအစား ဖြစ်တယ်ဆိုတာပါ။
အလွယ်ပြောကြမယ်ဆိုရင် Viruses ရန်ကို ကာကွယ်ဖို့ အတွက် Latest
definitions ကို အမြဲတမ်း Update ပေးထားတဲ့ antivirus application ကို
အသုံးပြုပါလို့ ပြောလို့ ရပါတယ် - ဒါပေမယ့်လည်း ဒါတစ်ခုတည်းတင် မဟုတ်ပါဘူး -
တစ်ချို့က Viruses ရန်ကို ကာကွယ်ဖို့ Antivirus ရှိရင် ရတယ်ဆိုပြီး ကိုယ့်စက်မှာ
Antivirus တင်ပြီးတာနဲ့ စိတ်ထင်ရာ လျှောက်ဝင်ကြ - ဥပမာ Porn sites - Keygen/Crack
Sites - နောက် တွေ့ကရာ USB Stick ထိုးကြ - Privacy ဆန်ဆန် သုံးသင့်တဲ့ ကိုယ့်
Flash Drive - External HD ဆိုတာကို စေတနာ ကောင်းကောင်းနဲ့ သူများတကာကို ဌားကြ -
ကိုယ့်ဆီ ပြန်လာတော့ Virus ပါလာတာ ကိုယ်က မသိ - အဲတာကို စက်မှာတပ်သုံး - မြင်သမျှ
ဆန်းဆန်းပြားပြား ဖိုင် - ဥပမာ - New Folder ဆို " ဖိုဒါလေးက အခုမှ Create
လုပ်ထားတာဟ - အသစ်လေး ဘာလေးများ ထည့်ထားမလဲ " ဆိုပြီး စပ်စု - စသဖြင့်
ဆင်ခြင်မှုနဲ့ စဉ်းစားချင့်ချိန်မှုကို အရင်မလုပ်ပဲ စပ်စုလိုစိတ်ကို ရှေ့တန်းတင်
လုပ်ဆောင်နေမယ် ဆိုရင်တော့ antivirus application ကို Latest definitions နဲ့
အမြဲတမ်း Update ပေးပြီး သုံးနေလည်း Virus ကတော့ ကိုက်ခံ ရမှာပါပဲ - သိထားဖို့
တစ်ခုက Latest definitions ဆိုတာ ဒီ Virus ရှိတယ်ဆိုတာ သိတော့မှ Programmer တွေက
ဖြေရှင်းနည်းကို ရေးကြတာ မျိုးပါ။ ဒါ့ကြောင့် Latest definitions ဆိုတာ
နောက်ဆုံးပေါ် Virus ကို ဘယ်သော အခါမှ သတ်နိုင်ခြင်း မရှိပါဘူး - ဒါကို
ကျွန်တော်တို့နားလည် ထားဖို့ လိုပါတယ်။ နောက်ပြီး ဖိုင်တစ်ခုခုကို Run တော့မယ်
ဆိုတဲ့ အချိန်တိုင်းမှာ filename ကို သေသေချာချာ ကြည့်ပါ။ သူ့ Extensions ကို သေသေချာချာ
လေ့လာပါ - ဆိုလိုတာ mp3 လား .mp3.exe လား ဒါမျိုးတွေ သတိရှိဖို့လိုပါတယ်။
အဲ့တာကြောင့် Antivirus ကို Latest definitions နဲ့ အမြဲတမ်း Update ပေးပြီး
သုံးနေယုံတင် မဟုတ်ပဲ နေ့စဉ်နဲ့ အမျှ သုံးစွဲနေတဲ့ ကိုယ့်ရဲ့ အင်တာနက် လမ်းကြောင်း
- နောက် ပြင်ပက Share လမ်းကြောင်းတွေနဲ့ ကိုယ့်စက်ကို လာရောက်ပတ်သတ်မယ့်
Activities တွေကိုပါ လုံခြုံရေး အသိနဲ့ စောင့်ကြည့်တတ်ဖို့ လိုပါတယ်။
Spyware ဆိုတာ ကိုယ်ပိုင် သတင်းအချက်အလက် အကြောင်းအရာတွေကို
ခိုးယူတယ်
နောက် အကြောင်းအရာ တစ်ခုက Spyware ! သူ့ကိုတော့ တော်တော်များများ
ကြားဖူးနားဝရှိပြီး ရင်းနှီးကြပါတယ်။ Spyware ဆိုတာဟာ ကိုယ့်ကွန်ပြူတာမှာ
installed လုပ်ခံ ထားရပြီး ကိုယ် မသိလိုက်တဲ့ - မသိနိုင်တဲ့ သတိမထားမိခင်
အချိန်မှာ ကိုယ့် စက်ထဲမှာ ရှိနေတဲ့ ကိုယ့်ရဲ့ information ( အကြောင်းအရာ
သတင်းအချက်အလက် ) တွေကို နောက်ကွယ်ကနေ Spyware ထုတ်လုပ်သူထံ တိတ်တဆိတ်
ပြန်ပို့ပေးနေတဲ့ Software အမျိုးအစား တစ်မျိုးကို ခေါ်ဆိုပါတယ်။ ကိုယ့်ရဲ့
information ကို ကိုယ်မသိအောင် ခိုးယူတယ် ဆိုမှတော့ဖြင့် ကျွန်တော်တို့ကို
ကောင်းကျိုးပေးဖို့ထက် ဆိုးကျိုးပေးဖို့သာ ပိုများမှာပါ - Spyware မှာ ဘယ်လို
လုပ်ဆောင်ချက်မျိုးတွေ ပါလဲ ဆိုရင် တစ်နေ့နဲ့ တစ်နေ့ ကျွန်တော်တို့ Websites
အဝင်အထွက်တွေမှာ ရိုက်သွင်းရလေ့ ရှိတဲ့ passwords ပြောင်းလဲမှုတွေကို နောက်ကွယ်ကနေ
မှတ်သားတဲ့ keylogging စနစ်တွေ - နောက် ကိုယ် အင်တာနက်ထဲမှာ ဘာတွေ ရှာတတ်သလဲ -
နောက် ကိုယ်သုံးနေကျ browser home page ပြောင်းပစ်တာမျိုး - URL တစ်ခုခုကို
ရိုက်ခေါ်လိုက်တဲ့ အချိန်မှာ ကိုယ်တောင်းဆိုမထားတဲ့ တစ်ခြား Web စာမျက်နှာ တစ်ခုကို
ရောက်သွားအောင် လုပ်ဆောင်တာ စသဖြင့် နည်းလမ်းမျိုးစုံ ပါဝင်ပါတယ်။ ဒါတင်မက အထက်မှာ
ဖော်ပြထားတဲ့ ပုံလိုမျိုး ဘာမှန်း ညာမှန်းမသိ toolbars တွေ အတင်း install လုပ်ခိုင်း
- ကိုယ့် passwords နဲ့ credit card numbers ကိုခိုး စသဖြင့် - မျိုးစုံအောင် လည်း
လုပ်ဆောင် တတ်ကြပါတယ်။
Spyware တွေရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ information
ကိုခိုးယူပြီး အဲကနေမှ တစ်ဆင့် ငွေရပေါက် တစ်ခု သူတို့ ဖန်တီးချင်တာမျိုးမို့လို့
Spyware ဆိုတာမျိုးက ဘယ်တော့မှ ကွန်ပြူတာကို သုံးစား မရတော့လောက်အောင် ပြဿနာ
ပေးတတ်တဲ့ Software မျိုးတော့ မဟုတ်ပါဘူး — တကယ်တော့ လူတော်တော်များများရဲ့ စက်မှာ
spyware တစ်ခု မဟုတ်တစ်ခု နောက်ကွယ်ကနေ Run နေတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့
တော်တော်များများ မသိကြတာ များပါတယ်။ Spyware application တစ်ခု တစ်လေလောက်
ရှိတာမျိုးက စက်ထဲမှာ ဘာမှ အရေးတကြီး ထည့်ပြီး မှတ်ထားလေ့ မရှိတဲ့ လူမျိုးတွေ
အတွက် သိပ် ပြဿနာ ကြီးကြီး ကျယ်ကျယ် မရှိလှပေမယ့် ဒီလို spyware application တွေ
တစ်ခုထက်မက installed လုပ်ခံရတာ များလာတဲ့အခါ နောက်ကွယ်ကနေ Spyware အများအပြားရဲ့
စောင့်ကြည့် သတင်းပို့ချင်း ခံရတဲ့ ကွန်ပြူတာ တစ်လုံးရဲ့ ဘဝမျိုး
ရောက်သွားနိုင်တာမို့လို့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာက နှေးသထက် နှေးသွားတတ်ပါတယ်။
ဒါတင်မက လူတော်တော်များများက Antivirus ရှိရင် အားလုံး ပြီးတယ်လို့
ထင်နေကြတာလည်း မှားပါတယ်။ Antivirus တိုင်းဟာ Spyware ကို မဖမ်းနိုင်ကြသလို
သတ်ဖို့လည်း မစွမ်းဆောင်နိုင် ကြပါဘူး - ဒါ့ကြောင့် Software တစ်ခုခု ကို install
လုပ်တော့မယ် ဆိုတဲ့ အချိန်မှာ အရင်ဆုံး လေ့လာသင့်တာ ဒီ application ကို ဘယ်ကထုတ်လဲ
- သူတို့ ဘာတွေ အာမခံချက်ပေးလဲ - ဒါမျိုးတွေ လေ့လာပြီးမှ အသုံးပြုသင့်ပါတယ် -
စိတ်ခံစားမှုနဲ့ တစ်ခြားသူတစ်ယောက်ရဲ့ လမ်းညွှန်မှုကို ကောင်းတယ် အထင်နဲ့
အမှတ်မှားပြီး မသုံးစေချင်ပါဘူး။ တကယ်လို့ ကိုယ့်စက်မှာ အထက်မှာ ဖော်ပြထားခဲ့တဲ့
ပုံစံတွေ အတိုင်း ဖြစ်နေမယ် - စက်ကလည်း ထင်မှတ်မထားရလောက်အောင် လေးလံနေမယ် ဆိုရင်
အကောင်းဆုံးက Spyware ရှိမရှိ စစ်ဆေး လိုက်ဖို့ပါ။ Spyware ရှင်းဖို့ ဘယ် Software
သုံးသင့်မလဲ ဆိုရင် MalwareBytes နဲ့SuperAntiSpyware ကို ပေါင်းသုံးပြီး စစ်ဆေး ရှင်းလင်းစေချင်ပါတယ်။
Scareware ဆိုတာ ဘယ်လုပ်ရမှန်း မသိအောင် အကျပ်ကိုင်တယ်။
ခြိမ်းခြောက်တာ အကျပ်ကိုင်တာမျိုးကို လူတော်တော်များများ
မုန်းကြပါတယ် - ကျွန်တော်လည်း မုန်းတယ် - ဘာလို့လည်း ဆိုတော့
အကျပ်ကိုင်တယ်ဆိုကတည်းက ကိုယ့်အတွက် အဆင်ပြေစေမယ့် ရွေးချယ်ပိုင်ခွင့် ဆိုတာ
မရှိဘူး - သူဖြစ်ချင်တာကို ကိုယ့်ဘက်က လိုက်လျောအောင် အတင်းအဓမ္မ မဖြစ်မနေ
တောင်းဆိုတာမျိုး မို့လို့ပါ။ Scareware ဆိုတာလည်း ဒီသဘောပါပဲ - ခုနောက်ပိုင်း
ဒီတိုက်ခိုက်နည်းက တော်တော်လေး ခေတ်စားလာတဲ့ တိုက်ခိုက်နည်းပါ။ ဘယ်လိုမျိုးလဲ
ဆိုတာ ဥပမာပြောရရင် တစ်ချို့လည်း တွေ့ဖူးရင် တွေ့ဖူးကြပါလိမ့်မယ်။
ကျွန်တော်တို့ site တစ်ခုခုကို သွားရင်းနဲ့ နေရင်းထိုင်ရင်း
antivirus application လိုလို ဘာလိုလို Spyware စစ်ပေးတာလိုလို ဘာလိုလို
ပေါ်ချလာပြီး မင်းကွန်ပြူတာမှာ virus တွေ ရှိနေနိုင်တယ် - သေချာသွားအောင် ငါ့ရဲ့
free scan နဲ့ virus စစ်ကြည့်ပါလားဆိုပြီး recommend ပေးလာရော - ကိုယ်တွေကလည်း
free scan ဆိုတော့ အယောင်ယောင်အမှားမှားနဲ့ ကောင်းတယ်ပေါ့ - အလကားရတာပဲ
စစ်မယ်ဆိုပြီး OK ပေးလိုက်တယ် - အဲ့မှာ ပြဿနာ စတာပဲ - အဲ့ဒီ့ Applications က
ကိုယ်က OK/Agree ဆိုတာမျိုး ပေးလိုက်တာနဲ့ သူ့ဘာသာ နေရင်းထိုင်ရင်း Download တွေချ
- Install တွေလုပ် Scan တွေဖတ် နေလုပ်နေပါလေရော - နောက်ခဏလောက်နေတော့
ကျွန်တော်တို့ ကွန်ပြူတာမှာတော့ဖြင့် virus ကတော့ ဘယ်နကောင် - Spyware ကတော့
ဘယ်နရာ စသဖြင့် ပြ - နောက်ပြီး သူ့ Software နဲ့ ရှင်းပေးထားတာ Spyware ဘယ်နကောင်
တော့ဖြင့် သေသွားပြီ - ဒါပေမယ့် ဒါက trail version မို့လို့ အကုန်တော့
ရှင်းမပေးနိုင်ဘူး - အကုန်ရှင်းပစ်စေချင်ရင် full license ကို ပိုက်ဆံနဲ့
ဝယ်ဆိုပြီး အကျပ်ကိုင်လာပါလေရော ( ဟုတ်တော့လည်း ဟုတ်တယ် သူက free scan
လုပ်ပေးမယ်ပဲ ပြောတာ တွေ့ရင် ရှင်းပေးမယ်လို့ ပြောထားတာမှ မဟုတ်တာ ) -
တစ်ချို့ကျတော့ virus ဆိုကြောက်တာပဲ သိတယ် - ဒီအတွေ့အကြုံမျိုးကို မကြုံဘူးတော့
ဟာသွားပါပြီ - ငါ့စက်မှာတော့ virus တွေ မနည်းပါလားဆိုပြီး သူတောင်းတဲ့ ပိုက်ဆံနဲ့
ပေးပြီးဝယ်ကြ ပြုကြ ရှင်းကြ စသဖြင့် - တကယ်တမ်း ဟုတ်လားဆိုတော့ ဘာမှမဟုတ် -
ဒါပေမယ့် ကိုယ့်ပိုက်ဆံကတော့ ပါသွားပြီ - ဒါတွေက scareware applications တွေရဲ့
လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။
Scareware တွေရဲ့ ဆိုးရွားတဲ့ တစ်ချက်က သူတို့ကိုကိုယ်က စက်ထဲမှာ
တစ်ခါ install လုပ်လိုက်မိတာနဲ့ သူတို့ တောင်းတဲ့ ပိုက်ဆံကို မပေးမချင်း
တစ်ချိန်လုံး Alarm တွေတက် - လူကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ် - ဒါတင်မက
တစ်ချို့ အခြေအနေတွေမှာဆိုရင် သူ့ကို ပြန် uninstall လုပ်လို့ မရယုံတင်မက
စက်ပါသုံးလို့ မရတော့လောက်တဲ့ အခြေအနေထိ ဖြစ်အောင် သူက လုပ်ဆောင်ပစ်တတ်ပါတယ်။
ဒီလို အကျပ်ကိုင်မှုမျိုး ဒီလို Scareware မျိုးနဲ့ ကြုံတွေ့လာရပြီ
ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက Google Search box မှာ ကိုယ့်စက်မှာ ဝင်နေတဲ့
Scareware ရဲ့ နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေလိုက်ပါ။ အဲ့ကနေတစ်ဆင့် တွေ့ရှိလာရတဲ့
အထူး ညွှန်ကြားချက်တွေကို လိုက်ပြီး တိတိကျကျ လုပ်ဆောင်မယ်ဆိုရင် ဒီ Scareware ကို
ဘယ်လို ဖျက်ထုတ်နိုင်မယ်ဆိုတာ သိရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေ မှာ
သီးသန့်ညွှန်ကြားချက် ဆိုပေမယ့် လမ်းညွှန်သူ တော်တော်များများ ကလည်း
တစ်ယောက်ဖော်ပြချက်ကို တစ်ယောက် ကိုးကားဖော်ပြကြတာပဲ များပါတယ်။ ဒီလို Scareware
ပြဿနာ တက်လို့ Google မှာ မေးလိုက်ရင် အများဆုံး ရတတ်တဲ့ အဖြေက MalwareBytes - SuperAntiSpyware နဲ့ လိုအပ်မယ်ဆိုComboFix ကို ပေါင်းပြီး run ဆိုတဲ့ အဖြေမျိုးပါ။ ဒါပေမယ့်လည်း
အဲ့နည်းကပဲ ပြဿနာရဲ့ ရာခိုင်နှုန်း တော်တော်များများကို ပြေလည်စေတာ လည်း အမှန်ပါပဲ။
Trojan Horses ဆိုတာ နောက်ကွယ်ကနေ ကြိုးကိုင်တယ်။
ထရိုဂျန်မြို့ အကြောင်းကို ကျွန်တော်တို့ ငယ်ငယ်က
ကမ္ဘာ့သမိုင်းမှာလည်း သင်ခဲ့ရပါတယ်။ ထိုးဖေါက်ဝင်ရောက် ဖို့ ခက်ခဲလှပါတယ် ဆိုတဲ့
ထရိုဂျန်မြို့ကြီးထဲကို သစ်သားမြင်းရုပ်ကြီးတစ်ခုနဲ့ ပရိယာယ်ဆင်ပြီး
ဝင်ရောက်နိုင်ခဲ့ကြတဲ့ ရန်သူစစ်သားတွေ အကြောင်းကို သမိုင်းပုံပြင်တစ်ပုဒ် အနေနဲ့
တည်ရှိနေခဲ့ရာကနေ ခု မျက်မှောက်ခေတ်မှာတော့ ကမ္ဘာ့နေရာ အနှံအသီးသီးက ကိုယ်လက်လှမ်း
မမှီနိုင်တဲ့ ကွန်ပြူတာတွေကို ထိုးဖောက်ဝင်ရောက် နိုင်ဖို့ Trojan horses ဆိုတဲ့
အမည်နဲ့ပဲ နောက်ထပ် ထရိုဂျန် တစ်မျိုး ပေါ်ထွက်လာပြန်ပါပြီ - သူရဲ့
ရည်ရွယ်ချက်ကတော့ တစ်ဖက်က ကွန်ပြူတာ သုံးစွဲသူ မသိလိုက်ခင်မှာ သူ့ကွန်ပြူတာထဲကို
ဝင်ရောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်း ဒုက္ခပေးနိုင်တယ် ဆိုတဲ့ အချက်ကို
ရည်ညွှန်းချင်တာပါ။ Trojan horses ဆိုတာ applications တစ်မျိုး ဖြစ်ပြီး တစ်ဖက်က
ကွန်ပြူတာ သုံးစွဲသူ user ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အမျိုးအစား တစ်မျိုး
ဖြစ်ပါတယ်။ ပြဿနာရပ်တော်တော်များများမှာတော့ trojans ဆိုတာ သမိုင်းပုံပြင်
ထဲကအတိုင်း ကိုယ်မသိလိုက်ခင် တစ်ဖက်လူကို ကိုယ့်ကွန်ပြူတာနဲ့ ပတ်သတ်ပြီး
စိတ်ကြိုက် ထိန်းချုပ် လုပ်ဆောင်လို့ ရအောင် နောက်ကွယ်ကနေ လမ်းဖွင့်ပေးပါတယ်။
Virus နဲ့ Trojan ရဲ့ကြားမှာ အဓိက ကွာခြားသွားတဲ့ တစ်ချက်က trojans
တွေဟာ viruses တွေလိုမျိုး ကိုယ့်ကိုယ်ကိုယ် replicate မလုပ်နိုင်တာပါ -
သူတို့တွေကို များသောအားဖြင့် ဘုမသိ ဘမသိ စာတမ်းတစ်ခုခု တက်လာရင် စာကို မဖတ်ပဲ Yes
ပေးတတ်တဲ့သူ - အင်တာနက်နဲ့ ပတ်သတ်ပြီး အကျွမ်းတဝင် မရှိသေးသူ - Security နည်းတဲ့
ကွန်ပြူတာတွေမှာ အမှုမဲ့ အမှတ်မဲ့ install လုပ်ဆောင်မိရာကနေ ကျွန်တော်တို့ စက်ထဲကို
ဝင်ရောက်ခြင်း ခံရတတ်ပါတယ်။
ကျွန်တော်တို့ ကွန်ပြူတာမှာ trojan ဝင်ရောက် ကိန်းအောင်းခံရပြီ
ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာဟာ ကိုယ့် ရည်ရွယ်ရာကို မလုပ်ဆောင်နိုင်တော့ပဲ
ကိုယ်မလိုအပ်တဲ့ မလိုလားတဲ့ တစ်ခြားသူ တစ်ယောက် - ဒါမှမဟုတ် တစ်ခြား အဖွဲ့အစည်း
တစ်ခုခုရဲ့ အသုံးချခံ ပစ္စည်းတစ်ခုအဖြစ် ရောက်ရှိသွားပါတယ်။ ဘယ်လိုဟာမျိုးတွေလဲ
ဆိုရင် Denial of service (DoS) attack လို့ ခေါ်တဲ့ ကိုယ့်ရဲ့ computer resource
ကို ကိုယ်ကိုယ်တိုင်ထိန်းချုပ်လို့ မရနိုင်တော့ပဲ web site တွေနဲ့ Service တွေကို
တားဆီးပိတ်ပင်ဖို့ ကိုယ့်ကွန်ပြူတာက အသုံးချခံလာရပါတယ် - နောက် ဒီ့ထက်ဆိုးတာ
တစ်ခုက Spam ပို့လွှတ်ရာ ဌာန တစ်ခုလို အသုံးချခံရတာပါ။ ဒီလို ပြဿနာတွေကို
ဖန်တီးနေတဲ့ trojans ဆိုတဲ့ အကောင်ကို ဖြေရှင်းတားဆီးဖို့အတွက် နည်းလမ်းက
ကျွန်တော်တို့ Viruses တားဆီးတဲ့ နည်းလမ်းနဲ့ ဆင်တူပါတယ်။ လုပ်ဆောင်ရမှာတွေက
antivirus application ကို up to date ဖြစ်အောင်ထားရမယ် သံသယဖြစ်ဖွယ်ရာ
ဝင်ရောက်လာတဲ့ mails တွေက attachments တွေကို မဖွင့်ကြည့်ခင်မှာ သတိထားပြီး
စစ်ဆေးရမယ်။ ဖြစ်နိုင်ရင် ဖွင့်ကို မဖွင့်ပဲ Delete ပစ်တာ ကောင်းတယ်။ နောက်ပြီး
ကျွန်တော်တို့ တစ်နေ့နဲ့ တစ်နေ့ ဝေမျှနေတဲ့ keygen တို့ crack file တို့
ဆိုတာတွေကို ကိုယ်တိုင် စမ်းသုံးတာမျိုး မလုပ်ပဲ ဘယ်သူတွေ သုံးဖူးလဲ - သူတို့
ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာလေ့လာပြီးတော့မှ သုံးစေချင်ပါတယ်။ အကောင်းဆုံးကတော့ keygen
တို့ crack file တို့ ဆိုတာ မသုံးပဲ နေနိုင်ရင် အကောင်းဆုံးပါပဲ။
Worms ဆိုတာ Network ကနေ ကူးစက်ခံရတယ်။
Computer worms ဆိုတာ သူတို့ကိုယ်ကိုယ် သူတို့ copy ပွားပြီး network
လမ်းကြောင်းကနေ တစ်ဆင့် တစ်ခြား ကွန်ပြူတာကို ကူးစက်တဲ့ အမျိုးအစားပါ။ နောက်ပြီး
Worms တွေဆိုတာ network ကိုသုံးပြီး ပြန့်ပွားတာမျိုး မို့လို့ ခဏချင်းနဲ့
ပြန့်နှံ့လွယ်ပြီး လူသိလည်း များစေပါတယ်။ ဒါ့ကြောင့် သူ့ကို ကျွန်တော်တို့တွေက
viruses နဲ့ အထင်မှားလေ့ ရှိပါတယ်။
ကျွန်တော်တို့ တော်တော်များများ သိကြတဲ့ worms အမျိုးအစားထဲက
ဥပမာပေးရမယ် ဆိုရင် ILOVEYOUworm - သူက email attachment ကနေ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့
တိုက်ခိုက်ခံရမှုကြောင့် စီးပွားရေး လုပ်ငန်းတွေ တန်ဖိုးငွေ ပမာဏ အမေရိကန် ဒေါ်လာ
သန်း ငါးထောင့် ငါးရာ လောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နောက် Code Red worm ဆိုရင် web sites ပေါင်း သုံးသိန်းခွဲကျော် ဖျက်ဆီးခဲ့တယ် -
နောက် SQL Slammer က internet traffic တွေကို အချိန်အတိုင်းအတာ တစ်ခုထိ
နှေးကွေးသွားအောင် လုပ်ဆောင်ခဲ့တယ် - နောက်ဆုံး Blaster worm ဆိုရင် ကျွန်တော်တို့ ကွန်ပြူတာကို ခဏခဏ Restart ပေးရအောင်
ခိုင်းစေခဲ့တယ် - ဒါတွေက Worms တွေရဲ့ စွမ်းဆောင်ရည် သမိုင်းပါ။
Worms တွေဟာ Network နဲ့ ပတ်သတ်ပြီး Security ပိုင်းဆိုင်ရာ အားနည်းတဲ့
လမ်းကြောင်းကနေ ထိုးဖောက်ဝင်ရောက် တာမို့လို့ သူ့ကို ကာကွယ်မယ် ဆိုရင် firewall
နဲ့ ပေးထားဖို့ antivirus software ကို ပုံမှန် Update ပေးပြီး သုံးဖို့ စသဖြင့်
လိုအပ်ပါတယ်။
အဲတော့ ကျွန်တော်တို့ viruses, spyware, scareware, trojans, နဲ့
worms တွေ အကြောင်းနဲ့ ပတ်သတ်ပြီး တော်တော် များများလည်း သတိထားမိပြီ - ဘယ်လို
ကာကွယ်ရမယ်ဆိုတဲ့ Concepts လေးလည်း ချိတ်မိပြီ -
မူရင်းရေးသားသူ KznT
မူရင်းရေးသားသူ KznT
Subscribe to:
Comments (Atom)