Saturday, December 15, 2012

Cydia မှ .deb ဖိုင်များကို iDevice မျာသို့ install ပြုလုပ်ခြင်း

Cracked လုပ်ထားတဲ့ application တွေဆိုရင် အင်တာနက်ကွန်နက်ရှင်ရှိမှ Cydia ကနေတစ်ဆင့် သွင်းလို့ရတာပါ။ အခုပြောမယ့် နည်းလမ်းနဲ့ဆို သွင်းချင်တဲ့ application file ( .deb ဖိုင်ကိုပြောတာပါ) ရှိဖို့ပဲလိုပါတယ်။အရင်ဆုံး ကွန်ပျူတာနဲ့ချိတ်သွင်းလို့ရဖို့အတွက် ကွန်ပျူတာထဲမှာ software တစ်ခုရှိဖို့တော့လိုမှာပေါ့ဗျာ ...။

အရင်ဆုံး ဒီကနေပြီးတော့ ifunbox ကိုဒေါင်းပြီး မိမိ ကွန်ပျူတာမှာ install လုပ်ပေးပါ ...။
ifunbox donwload

ပြီးပြီဆိုရင်တော့ မိမိရဲ့ iPad/iPhone ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ iFunBox ဆော့ဝဲမှာ မိမိရဲ့ device ချိတ်ထားတာကိုသိပြီး ပေါ်လာပါလိမ့်မယ်။ ပြီးရင် raw File System ထဲကိုသွားပါ။ ပြီးရင် var ဖိုဒါထဲကိုသွားပါ။



 ပြီးရင်root ဖိုဒါထဲကိုဝင်ပြီး Media ဖိုဒါထဲထိသွားပါ။ Media ဖိုင်ထဲကိုရောက်ပြီဆိုရင် အဲဒီထဲမှာ folder တစ်ခုဆောက်ပါ(folder ဆောက်ချင်ရင် right click နှိပ် New ထဲကနေဆောက်ပါ)။ folder ရဲ့နာမည်ကို Cydia လို့ပေးပါ။ပြီးရင် အသစ်ဆောက်ထားတဲ့ Cydia folder ထဲကိုဝင်ပါ။ Cydia folder ထဲကိုရောက်ပြီဆိုရင် AutoInstall ဆိုတဲ့ folder တစ်ခုထပ်ဆောက်ပါ(အဲဒီ AutoInstall folder ထဲမှာသွင်းချင်တဲ့ .deb application ဖိုင်ကိုထည့်ရမှာပါ)။ AutoInstall folder ထဲကိုရောက်ပြီဆိုရင် ကိုယ်သွင်းချင်တဲ့ install ဖိုင် (.deb) လေးကို AutoInstall folder ထဲမှာ ထည့်လိုက်ပါ။ ပြီးရင် iFunBox ဆော့ဝဲ ကိုပိတ်လို့ရပါပြီ ။ ပြီးရင် ကိုယ့်ရဲ့ iPad,iPhone ကို reboot လုပ် (သို့) Power ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ ပြန်တက်လာရင် ကိုယ့်ရဲ့ iPad,iPhone ထဲမှာ ခုနက ကွန်ပျူတာနဲ့ချိတ်ထည့်ထားတဲ့ .deb application လေး install လုပ်ပြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။


Post Author : toelay // 2:24 PM
Kategori:

0 comments:

Post a Comment

Twitter Update

 
Copyright toetoeaung. Powered by Blogger.